Monday, July 30, 2012
" ကိုယ့်တာဝန် ကျေပါစေ " ~~~~~~~~~~~~~~
" ကိုယ့်တာဝန် ကျေပါစေ "
~~~~~~~~~~~~~~
" ဆဲဆိုတာသူ့အလုပ် ၊
သည်းခံတာ ကိုယ့်တာဝန်။
ကဲ့ရဲ့တာ သူ့အလုပ်၊
သည်းခံတာ ကိုယ့်တာဝန်။
ချစ်စရာကောင်းတာ သူ့အလုပ်၊
မချစ်မိအောင်သည်းခံတာ ကိုယ့်တာဝန်။
မုန်းစရာကောင်းတာ သူ့အလုပ်၊
မမုန်းမိအောင် သည်းခံတာ ကိုယ့်တာဝန်။ "
- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Wednesday, July 4, 2012
ငါ သာလျှင် တော်
• ငါ သာလျှင် တော် ၊ သူ မတော်ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ ၊၊
• အကောင်းဆိုးထင် ၊ ဆိုးကောင်းထင်နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊
• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ။
မင်းသုဝဏ်
Tuesday, July 3, 2012
သင်သေသွားသော်
သင်သေသွားသော်
************
သြော်.. လူ့ပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်း။ ။
(ဆရာဇော်ဂျီ)
Subscribe to:
Posts (Atom)