Monday, July 30, 2012

" ကိုယ့်တာဝန် ကျေပါစေ " ~~~~~~~~~~~~~~

" ကိုယ့်တာဝန် ကျေပါစေ " ~~~~~~~~~~~~~~ " ဆဲဆိုတာသူ့အလုပ် ၊ သည်းခံတာ ကိုယ့်တာဝန်။ ကဲ့ရဲ့တာ သူ့အလုပ်၊ သည်းခံတာ ကိုယ့်တာဝန်။ ချစ်စရာကောင်းတာ သူ့အလုပ်၊ မချစ်မိအောင်သည်းခံတာ ကိုယ့်တာဝန်။ မုန်းစရာကောင်းတာ သူ့အလုပ်၊ မမုန်းမိအောင် သည်းခံတာ ကိုယ့်တာဝန်။ " - အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

Wednesday, July 4, 2012

ငါ သာလျှင် တော်

ငါ သာလျှင် တော် ၊ သူ မတော်ဟု လူတော် ထင်ပါ ၊ တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ ၊၊ • ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့် နစ်လျက်နေပါ ၊ တို့မြန်မာကို ဘယ်ခါ ဆယ်၍ရမလဲ ၊၊ • အကောင်းဆိုးထင် ၊ ဆိုးကောင်းထင်နှင့် အထင်လွဲပါ ၊ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမလဲ ၊၊ • သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့် အညှိုးကြီးပါ ၊ တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ ၊၊ • ညည်း၍ မပြီး ၊ ညူ မပြီးဘူး အပြီးတကာ ၊ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ ၊၊ နိုးကြ ထကြ မြန်မာတို့ ၊၊ သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ။ မင်းသုဝဏ်

Tuesday, July 3, 2012

သင်သေသွားသော်

သင်သေသွားသော် ************ သြော်.. လူ့ပြည်လောက လူ့ဘဝကား အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျှက် ဝင်းလျှက် ကျန်စေသတည်း။ ။ (ဆရာဇော်ဂျီ)