Sunday, April 29, 2012

သံပုရာရည်သောက်ကြပါဦး

စားကြပါဦး

ဘဲဥနဲ့မန်ကျည်းနှစ်နဲ့ချက်ထားတာ ဒါကအိမ်ကကိုယ်တော်သူ့ဘာသာချက်ထားတာ

စားကြပါဦး

ငါးကြော်နှပ်လေ ငါးခူကြော်ကိုငရုတ်သီးစိမ်းနဲ့ပြန်ကြော်တာပါ
ဒါကတော့ငါးဥဟင်း
ကန်စွန်းရွက်ချဉ်ရည်
ကဲစားလိုက်ရအောင် တို့စရာကဒညင်းသီးနဲ့သရက်သီး အိမ်ကပေးလိုက်တဲ့သရက်သီးငပိကြော်နဲ့ငါးခြောက်
အချိုပွဲကစိတ်တလုံးသရက်သီး

Wednesday, April 25, 2012

စားကြပါဦး

ပြည်ကြီးငါးကိုငရုတ်သီးစပ်စပ်နဲ့ချက်ထားတာသိပ်ကြိုက်
ဒါကတော့သပွတ်အညွှန့်ဟင်းချိုပါပုစွန်ဆိတ်လေးတွေနဲ့

Tuesday, April 24, 2012

စားကြပါဦး

သင်္ကြန်တုန်းကအိမ်မှာချက်တဲ့ဒန်ပေါက်နဲ့ကြက်သားဟင်းပါ ဘုန်းကြီးဆွမ်းလောင်းရမှာမို့ကမန်းကတန်းရိုက်ထားတာပါ. ဒန်ပေါက်ကတော့အကို့လက်ရာပါ:D
ကြာဇံကြော်စားကြပါဦး
သာကူလဲသောက်သွားပါဦးနော်

Wednesday, April 4, 2012

Miss Padauk (Miss - ပိတောက်) - Hlwan Paing

နောင်တ ၁၀-မျိုး

Buddha In My Life နောင်တ ၁၀-မျိုး ၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။ ၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။ ၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။ ၄။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။ ၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။ ၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။ ၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။ ၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။ ၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။ ၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။ အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။