Tuesday, March 27, 2012

ခႏၶာသြယ္လ် အဆီနှင့် ကိုယ်အလေးချိန် အမြန်ကျလိုလျှင်

ခန္ဓာသွယ်လျ အဆီနှင့် ကိုယ်အလေးချိန် အမြန်ကျလိုလျှင် ခုနစ်ရက်စားသောက်နည်း အစီအစဉ်ဖြစ်ပါသည်။ အညွှန်းအတိုင်း တိကျစွာ လိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်း အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်းကိုလည်း ခံစားရပါလိမ့်မည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်ထိ ထပ်ခါထပ်ခါကြာရှည်စွာ စားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ခြေဖျက်နိုင်သည့်နည်းဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးသည့် ပမာဏထက် ပို၍ ခြေဖျက်နိုင်ခြင်း ဖြစ်ပါသည်။ လုပ်ငန်းတာဝန်ထမ်းဆောင်နေသူများ (ရုံးဝန်ထမ်းများ) လည်း ဂျိုင့်ဖြင့်သယ်ယူ စားသုံးနိုင်ပါသည်။ ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိ အဆီများကိုဖယ်ရှားနေသည့်ကာလ ဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျှော်ပါ။ အစီအစဉ်မစမှီနှင့် စတင်နေချိန်နေ့ရက်များအတွင်း မိမိ၏ ကိုယ်အလေးချိန်ကို နေ့စဉ် မှတ်တမ်းတင်ထားပါ။ အဆီကျ ဟင်းရည် ချက်နည်း ကြက်သွန်နီဥကြီး ၆ လုံး ငရုတ်သီးပွ(အစိမ်း) ၂ တောင့် ခရမ်းချဉ်သီး ၆ လုံး တရုတ်နံနံ သင့်ရုံ ဂေါ်ဖီထုပ် ၁ ထုပ် Lipton Onion Soup Mix (သို့မဟုတ်) ဟင်းရည်အချိုခဲ (Knorr) ၁/၂ ခဲ ဂေါ်ဖီက၁ထုပ်တောင်မှနော်အတော်သောက်ရမယ် :P
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင်များကို လိုသလိုထည့်နိုင်ပါသည်။ (ဆာလျှင် ဆာသလို သောက်နိုင်အောင် ကြိုချက်ထားပါ။) အစီအစဉ် စ ပါမည် ပထမနေ့ အဆီကျဟင်းရည်နှင့် (ငှက်ပျောသီးမှအပ) သစ်သီးများအားလုံး စားသုံးနိုင်ပါသည်။ အဆီကျဟင်းရည်ကို ဆာလျှင် ဆာသလို အချိန်မရွေး သောက်သုံးနိုင်ပါသည်။
ဒုတိယနေ့ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ဟင်းရွက်ဖြစ်လျှင် ပိုကောင်းပါသည်။ (ဥပမာ- ကန်စွန်းရွက်၊ ဟင်းနုနွယ်) အဆီကျဟင်းရည်ဖြင့် တွဲဖက်စားသုံးနိုင်ပါသည်။ ဟင်းရည်ကို ကြိုက်သလောက် သောက်သုံးနိုင်ပါသည်။
တတိယနေ့ ပထမနေ့အစားအစာနှင့် ဒုတိယနေ့အစားအစာများကို ရော၍ စားသုံးနိုင်ပါသည်။ အဆီကျဟင်းရည်၊ သစ်သီးနှင့် ဟင်းရွက်တို့ ဖြစ်ပါသည်။ စတုတ္ထနေ့ ငှက်ပျောသီးနှင့် အဆီထုတ်ထားသောနွားနို့၊ အဆီကျဟင်းရည်တို့ကို စားသုံးနိုင်ပါသည်။ ငှက်ပျောသီးကို (၈)လုံးအထိ စားနိုင်ပြီး၊ အဆီထုတ်ထားသောနွားနို့ကို ကြိုက်သလောက် သောက်နိုင်ပါသည်။
ပဉ္စမနေ့ (၁၈)ကျပ်သားမှ (၃၄)ကျပ်သားခန့်ရှိသည့် အမဲသားကို လတ်ဆတ်သော ခရမ်းချဉ်သီး (၆)လုံးလောက်နှင့် တွဲဖက် စားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ Uric Acid ကိုဆေးချရန်အတွက် အနည်းဆုံး ရေ(၈)ခွက်လောက် သောက်ပေးပါ။ အဆီကျဟင်းရည်ကိုလဲ အနည်းဆုံး တစ်ခါတော့ သောက်ဖြစ်အောင် သောက်ပေးဖို့လိုပါသည်။
အမဲသား မစားသူများ အရေခွံမပါသော ကြက်သားကို ပြုတ်၍သော်လည်းကောင်း၊ ကင်၍သော်လည်းကောင်း သုံးဆောင်နိုင်ပါသည်။ ဆဌမနေ့ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသား(သို့မဟုတ်)ကြက်သားနှင့် ဟင်းသီးဟင်းရွက်တွေကို ရောပြီး စားသုံးနိုင်ပါသည်။ အရွယ်တော် အသားတုံး(၆)တုံးလောက်အထိကို အရွက်ပါသည့်ဟင်းနှင့် တွဲပြီး စားနိုင်ပါသည်။ အဆီကျဟင်းရည်ကို အနည်းဆုံး တစ်ခါတော့ သောက်ဖြစ်အောင် ဂရုစိုက်ပြီး သောက်ပေးပါ။
သတ္တမနေ့ ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ ၊ သုံးမျိုးစလုံးကို ကြိုက်သလောက် စားနိုင်ပါသည်။ အဆီကျဟင်းရည်ကိုလည်း မမေ့မလျော့ အနည်းဆုံး တစ်ခါတော့ သုံးဆောင်ပေးပါ။
ခုနစ်ရက်ပြည့်ပြီး သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့လျှင် (၁၀)ပေါင်မှ (၁၇)ပေါင်အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မည်။ အကယ်၍ (၁၇)ပေါင်ထက်ပိုကျနေခဲ့လျှင် ဤစားနည်းကို နောက်တစ်ခါ ပြန်မစခင် အနည်းဆုံး (၂/၃)ရက်လောက်နားထားလိုက်ပါ။
အမှန်တကယ်ပင် အဆီကျ ကိုယ်အလေးချိန်လျော့ကျသည်ကို မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသောကြောင့် လက်တို့လိုက်ခြင်းဖြစ်ပါသည်။ ၂၀၀၅ခုနှစ်၊ နိုဝင်ဘာလထုတ် Wellness Magazine မှ U.O.P ရေးသားသည်ကို ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment