Saturday, March 31, 2012

အင်တာနက်စာဆို!

(၁) ။Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင် Policy ကာရံထားလို့ဘာမှကိုမမြင်………..Bamar Net ရဲ့ Connectionအခြေနေရယ်မကောင်း ……..စိတ်ညစ်ပါကြောင်း ။ (၂)။ ဒို့အကြောင်း……. နည်းပညာများတိုးတက်ပြီ….. ခေတ်ရဲ့ ICT Internet မှာ Download ဆွဲ………… အိပ်စောင့်ရမြဲ….။ (၃)။ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ်Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း…….။ (၄)။ဟို(Net)ဆိုင်ကမီးထိန်ထိန်…….. ဒီ(Net)ဆိုင်ကမီးထိန်ထိန်တစ်နာရီ(၅၀၀)တောင်းပါတဲ့……..ရိုက်စားတို့အိမ်…….။ (၅)။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါတနေ့တခြား…………….အကြွေးများလာမှာ………… ။ (၆)။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင်Connection တော်တော်လေး………… ညီညီညာညာနှုတ်ဆက်ပြေး ………။ (၇)။ Internet ဆိုင်တွင်း…………… အများကစော်နဲ့ကြူနေသည်ကြို၍ဆုတောင်းနေကြပါ……….. Connection မပြုတ်ဖို့ဆုမတောင်းချင်ဘူးလားပြိုင်တူဆုတောင်းလျှင်ရနိုင်ပါသည်……။ (နောင်တ) (၈)။ မမ၀၀Online အထက် ……… Chating ထိုင်ကာChatChat သာ chat ပါ မမရာ ………ခဏခဏပုံမှန်လာ မကြာခင်(သူ)လင်ရ……….. မမ၀၀ပျော်၍က…….။ (၉)။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာChatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။ (၁၀)။ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ………………… ပညာသတင်းစုံလေ့လာကုန် …။ဲ ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။ ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။ (၁၁)။VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျို ကြည့်ကြပါဆို …………………… အမူယာပိုအော်ကာပြောတဲ့စကား ဘေးလူတွေအမြင်ကတ်တောင်မှ …………….. အရျက်မဲ့စွာသူပြန်ပြောတယ် နားပိတ်ကာထား …………….. ။ (၁၂)။Internet User လေးမောင်မှတ် …………………. အင်္ကျီထူထူဝတ်ထားသည် Dreambed ယူလာသည် ………… Download ဆွဲရန်သတ္တိလဲရှိသည် ။ (၁၃)။Zawgyi font ပျောက်နေသည် …………… စာရိုက်၍မရပါ Computer အရမ်းလေး ၊ Connection မပေါ့ပါး တော်တော်ဆိုးပါလား…….။ (၁၄)စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ ကိုသာဇံ Software သမား ………… Download လုပ်ဖို့သူကြိုးစား ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည် ကိုဖိုးမောင်နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်တွေသူလေ့လာ တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။ (၁၅)။ယနေ့လိုင်းကောင်းသည်…………Aircon မရှိ၍ပူသည် Fan လေးတော့ဖွင့်ပေးပါ ။ (၁၆)။ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။ Web.cam မပါ ၊ Earphone မလာ ……………. တကယ်မရှိတာလား ၊ ညစ်တာလား (၁၇)။တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်………. တ၀ီဝီမြည်ရာ Net ဆိုင်မှာ………. အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။ တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်……… တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားမီးစက်သံကွယ့်………..။ တောက်ခေါကတဲ့သံတညံညံ…………………Net ဆိုင်ထဲကဘာဖြစ်တာလဲ…. တောက်ခေါကတဲ့သံတညံညံ…………………Conneection လေးဒေါသသံလေး……..။ ဝန်ခံချက်။ ။ ဤစာသည် မိမိရေးသောစာများ တစ်လုံးတပါတမှ မပါကြောင်း ဝန်ခံအပ်ပါသည်။ သူငယ်ချင်းများ ပျော်ရွှင်ပါစေ။ ¤,¸.•*ခါးးးလေး♥★♥(မေဃဝတီ) ဧပြီလ 1, 2012 1:57amတွင်¤,¸.•*ခါးးးလေး♥★♥(မေဃဝတီ) မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည် စာပို့မယ် View Blog ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blogs/5202681:BlogPost:1097230#comments#ixzz1qlL2HymE

No comments:

Post a Comment