Wednesday, March 21, 2012

စိတ်

ခုတလောစိတ်တွေတည်ငြိမ်နေတတ်တာကြောင့်ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်မိတယ်။ငါတော်တော်စိတ်ငြိမ်နေပါလားပေါ့နော်။ စိတ်ထဲမှာတခုခုဆိုတရားပဲရနေတတ်တယ်။သံဝေဂရစရာများနေလို့နေမယ်။သူများတွေကမေးကြတယ်အိမ်ထောင်ကျပြီးစိတ်မညစ်ဘူး လားတဲ့။မညစ်ပါဘူး။ဘာကြောင့်လဲဆိုအပျိုတုန်းကလဲစိတ်မညစ်ဘူးပါဘူး။စိတ်ညစ်ခြင်းရဲ့အကြောင်းရင်းကတော့လောဘကြောင့်လို့မြင်မိတယ်ဟုတ်မဟုတ်တော့မသိဘူးပေါ့နော်.ကိုယ်ကလဲဥာဏ်တမိုက်လောက်ဆိုတော့ စဉ်းစားမိတာပြောတာပါ။ လူတွေဟာလိုချင်ကြတယ်တပ်မက်မှုလဲများတယ်ဒါကြောင့်ဖြစ်ချင်တာမဖြစ်ရတော့စိတ်ညစ်ကြတယ်စိတ်ဖိစီးကြတယ်၊အဓိကကတော့ စိတ်ကိုထိန်းပါလို့ပဲပြောချင်တယ်။သူများမှာရှိတိုင်းလဲကိုယ့်မှာရှိချင်မှရှိကြမယ်လေ။ရှိအောင်ကြိုးစားရင်ရှိမယ်။ဖြစ်အောင်ကြိုးစားရင်လဲ ဖြစ်မယ် . မဖြစ်လေခြင်းမရှိလေခြင်းရယ်လို့တောအားမငယ်နဲ့ကြိုးစားရင်ဖြစ်တယ်။ ကိုယ့်မှာ ရှိတာ၁၀နဲ့တော့၁သောင်းတန်ချက်ချင်းဘယ်ဖြစ်မလဲ။၁ထောင်တန်လောက်တော့ဖြစ်တာပဲလေ။ သူများကြတော့အဲ့လိုေ ပြာတယ်သူကျတော့ရောဆိုပုထုဇဉ်ပါဆိုလောဘဒေါသမောဟမကင်းဘူးရှိပါတယ်။လောဘမရှိ ရင်လဲလောကီရေးရာပဲအားလုံးနောက်မှာကျန်မှာပေါ့။လောဘမကြီးဖို့အလိုဆန္ဒမများဖို့ပြောတာပါ. သူများကသူ့ဟာသူဘာကြောင့်ဘယ်လိုတိုးတက်နေပါစေကြီးပွားနေပါစေသူကတော့ချမ်းသာတယ်သူကတော့ဘာသုံးရတယ် ငါကတော့ဒါပဲသုံးရတယ်အဲ့လိုတော့မတွေးလေနဲ့သူဟာသူဘာလုပ်လုပ်ကိုယ်လဲလှနေတာပဲလေသူကတော့သုံးရတယ်. အော်ငါလဲဒါကိုင်နိုင်တယ်ဆိုတဲ့စိတ်လေးထားပါ။သူများ၂ခုသုံးနိုင်ရင်ကိုယ်၁ခုသုံးနိုင်တယ်လို့မှတ်ပေါ့။ ကိုယ့်စိတ်ကလောဘတက်ခဲ့တယ်ဆိုကိုယ့်ဘာသာဖြေဖို့ပြောတာပါ.အလကားနေရင်မာနတက်ခိုင်းနေတာမဟုတ်ဘူးနော် ဟီး လောဘဒေါသမောဟဆိုတာရန်သူပဲ.အားလုံးအကန့်အသတ်နဲ့နေပါ။လောဘမရှိရင်လဲအပျင်းထူသွားမယ်။လောကမှာသူများထက်တော်ချင်ရင်ပိုကြိုးစားပါ။တနေ့ဖြစ်လာမှာပေါ့။ဘုန်းဘုန်းတပါးဟောဖူးတယ် လောဘကြောင့်သေရင်ပြိတ္တာဖြစ်တယ်။ဒေါသကြောင့်သေရင်ငရဲ ရောက်မယ်။မောဟကြောင့်သေရင်တော့တိရစ္ဆာန်ဖြစ်တတ်တယ်တဲ့။အဲ့မီး(၃)မီးငြိမ်းအောင်မိမိကိုးကွယ်ရာဘာသာအဆုံးအမခံယူပါ. စိတ်ငြိမ်အောင်နေပါ.ကြိုးစားပါ.ဒါဆိုအလိုမကျမကျေနပ်မှုတွေနည်းသွားမှာပါနော် အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

No comments:

Post a Comment